လမ်းစဉ်မှန်

လမ်းစဉ်မှန်

ကိုရင့်ကိုအပ်စဉ် ကိုရင်လေးကြီးလာရင် တပည့်တော်လို ဘာအောင်မြင်မှုမှ မရသောသူမျိုးမဖြစ်ပါစေနှင့်ဟု မေတ္တာပို့နေမိပါသည်။ ဒီအားငယ်စိတ်ကို ဘယ်လိုဖျောက်ရမည်မသိပါ။စိတ်ပြေလက်ပျောက် ပိဋကတ် မြန်မာပြန် သုတ်မဟာဝါစာအုပ်ကိုဖွင့်ဖတ်မိသည်။ မဟာပဒါနသုတ်၌ ဘုရားခုနှစ်ဆူ အကြောင်းကို ကြည်ညိုခွင့်ရသည်။

စိတ်ပါဝင်စားစွာဖတ်မိတော့ ဘုရားခုနှစ်ဆူမတူ ကွဲပြားချက်များကိုတွေ့ရသည်။ ထိုမတူကွဲပြားချက်များကို ဖတ်ပြီး အတွေးအလင်းပွင့်ကာ အားငယ်စိတ် ဝမ်းနည်းစိတ်တို့ ပြေလျောသွားပါသည်။အထူးသဖြင့် ဦးဇင်းတို့ ဂေါတမ မြတ်စွာဘုရားကို အတိုးချ ၍ကြည်ညို ရှိခိုးမိပါ သည်။ မတူနှစ်ခုကိုလေ့လာကြည့်ရအောင်ပါ။

သက်တမ်း

ဝိပဿီဘုရား = ၈ သောင်း

  မနေ့က သူငယ်ချင်းဦးဇင်းတစ်ပါး အကူညီတောင်း၍ ကိုရင်တစ်ပါးကို စစ်ကိုင်းတော်ပေါ်စာသင်တိုက်ကြီး တစ်တိုက်သို့ တာဝန်ခံသွားရောက် အပ်နှံခဲ့ရသည်။ မသွားရခင်ကတည်းက စိတ်လှုပ်ရှားနေသည်။ ရှက်စိတ် ရွံ့စိတ် ဝင်နေသည်။ အားငယ်စိတ် လည်းဝင်သည်။ တိုက်ကြီးထဲရောက်တော့ပိုဆိုးသည်။ကိုယ်နှင့် ကိုယ့်ကျောင်း နှင့် ယှဉ်ပြီး အားငယ်စိတ်များလွန်းကာ ငိုချင်သလို ဖြစ်လာသည်။ တိုက်တာအဆောက်ဦချင်းရော၊ ပညာ အရည် အချင်းရော သံဃာအရေအတွက်ရောအောင်မြင်မှုချင်းရော ယုတ်စွအဆုံး အိမ်သာချင်း ယှဉ်လျှင်တောင် ကိုယ်ကမမှီပါလေ။သူတို့၏ အပုံတစ်ထောင် တစ်ပုံပင်မှီကောင်းပါရဲ့ဟု တွေးမိသည်။

သိခီဘုရား = ၇ သောင်း

ဝေဿ ဘူဘုရား = ၆ သောင်း

ကကုသန်ဘုရား = ၄ သောင်း

ကောဏာဂုံဘုရား = ၃ သောင်း

ကဿ ပဘုရား = ၂ သောင်း

ဂေါတမဘုရား = ၁၀၀ (တစ်ရာ)

သာဝကအစည်းအဝေးအကြိမ်နှင့်ရဟန်းအရေအတွက်

ဝိပဿီဘုရား( ပ ) ၁ သိန်း ၆ သောင်း ၈ ထောင်

(ဒု) ၁ သိန်း

(တ) ၈ သောင်း

သိခီဘုရား(ပ ) ၁ သိန်း

(ဒု) ၈ သောင်း

(တ) ၇ သောင်း

ဝေဿ ဘူဘုရား ( ပ) ၈ သောင်း

(ဒု )၇ သောင်း

(တ) ၆ သောင်း

ကကုသန်ဘုရား(တစ်ကြိမ်) ၄ သောင်း

ကောဏာဂုံဘုရား(တစ်ကြိမ်) ၃ သောင်း

ကဿ ပဘုရား(တစ်ကြိမ်) ၂ သောင်း

ဂေါတမဘုရား(တစ်ကြိမ်) ၁ ထောင် ၂ ရာ ၅ ဆယ်(၁၂၅၀)

  အထက်ဖော်ပြပါ တို့ကိုနှိုင်းယှဉ်ကြည့်ပါ။ ဦးဇင်းတို့မြတ်စွာဘုရားသည် အခြားသောဘုရားများနှင့်သက်တမ်းချင်း ယှဉ်ပါကလည်း နည်းလွန်းပါသည်။သာဝက အစည်းအဝေး၌လည်း အကြိမ်အရရောအရေ အတွက်အရပါနည်းလွန်းပါသည်။ သို့သော်အားငယ်သံ ဝမ်းနည်းသံ ညီးညူ သံမကြားရပါ။သက်တမ်းတိုလို့ သာဝကနည်းပါးလို့ဆိုပြီးလုပ်အားကို မလျှော့ချခဲ့ပါ။ လေးဆယ်ငါးဝါပတ်လုံး မနေမနား တရားဟောတော်မူခဲ့ပါသည်။ဤသုတ်တော်ကိုဖော်ပြီး ဂေါတမမြတ်စွာဘုရား၏ အသံတိတ်မိန့် ကြားချက်ကို အောက်ပါအတိုင်းကြားယောင်မိနေပါ၏။

ချစ်သား အခြားသူတို့၏ အရေအတွက် အခြားသူတို့၏ အောင်မြင်မှုကိုကြည့်၍ အားမငယ်ရာ။ ဝမ်းမနည်းရာ ။ မိမိ၏အင်အားနှင့်ညီသော အားထုတ်မှုကိုသာပြုလုပ်ရာ၏။ထိုရလာဒ်၌ ကျေနပ်ရာ၏။ဤသည်ပင် ပညာရှိသူ တော်ကောင်း တို့၏ လမ်း စဉ်မှန်ပေတည်း

မောင်ရဟန်း(သာသနာ့ရင်ခွင်)စာမူကို /အရှင်သြဘာသခံစားတင်ပြသည်

“အရှင်သြဘာသ၏ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း”

ပြဿဒ်ကျောင်းထိုင်ဆရာတော် အရှင်သြဘာသသည် မွေးချင်း(၇)ယောက်တွင် အထွေးဆုံးဖြစ် သည် ငယ်မည်မှာ မောင်အောင်မျိုးထွန်းဖြစ်သည်။ မူလတန်းမှအလယ်တန်းအထိ စစ်ကိုင်းမြို့ အ.လ.က(၁) ရန်နိုင်ကျောင်းတွင် ပညာရည်နို့သောက်သုံးခဲ့သည်။ အထက်တန်းကို စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် ပညာဆက်လက်သင်ကြားပြီး (၁၉၉၉)ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ သည်။ ထို့နောက် စစ်ကိုင်းတိုင်း ရွှေဘိုဒီဂရီကောလိပ်တွင် ပညာဆက်လက် ဆည်းပူးခြင်း၊ ပညာဆည်း ပူးရင်း စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် (၂၀၀၀)ခုမှစ၍(၂၀၀၆)နှစ်အထိ အစိုးရရုံး အလုပ်လုပ် ခြင်း၊ စာရင်းကိုင်းပညာများသင်ကြားခြင်း ကွန်ပျူတာပညာများလေ့လာခြင်း၊ အလုပ်တစ်ဖက်ဖြင့် ရွှေဘိုဒီဂရီကောလိပ်တွင် ပညာသင်ကြားခဲ့ရာ (၂၀၀၃)ခုနှစ်တွင် Bachelor of art , ဝိဇ္ဇာဘွဲ့(Myanmar) ကိုရရှိခဲ့သည်။

            ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် စာရင်းကိုင်(၃)ဘဏ္ဍာဌာနမှ ရုံးအလုပ်များကို စွန့်လွှတ်ကာ မြန်မာသက္ကရာဇ် ၁၃၆၇ခု(၂၀၀၆)ခုနှစ် ပြာသိုလ်လဆုတ်(၈)ရက် စနေနေတွင် ပြဿဒ်ကျောင်းဆရာတော် ဦးနန္ဒမာလာကို ဉပဇ္စျာယ်ပြု၍  ဦးသန်းစိန် + ဒေါ်လှလှ တို့ကိုအမှူးထား လျှက် ,‌ဒေါ်ခင်သက်ဆွေ ,ဦးသာညွန့် + ဒေါ်ခင်သက်ဝေ, ဦးကိုကိုကြီး +‌ ဒေါ်လေးခင်, ကိုရဲလင်း + နန်းခင်စောယဉ်, ဦးသက်နှင်းအောင် +‌ ဒေါ်ခင်စန်းလွင်, ဦးရဲမင်းထွန်း+ ‌‌ဒေါ်မြင့်မြင့်ဌေး တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်ရဟန်းအဖြစ်ကို ရောက်ရှိခဲ့သည်။

            ရှင်သြဘာသအမည်ဖြင့် စစ်ကိုင်းမြို့၊နန်းဦးမြို့သစ်ရပ်ကွက် ရွှေဘုန်းရံသီကျောင်းတိုက်ကြီးတွင် ပိဋကတ်စာပေများကို လေ့လာစည်းပူးခဲ့ရာ (၁၃၇၁)ခု(၂၀၀၉)ခုနှစ်တွင် ပထမငယ်တန်း၊ ထို့နောက် နန်းဦးတိုက်သစ်တွင်လည်းကောင်း ၊မိဂဒါဝုန်ကျောင်းတွင်လည်းကောင်း ပညာဆက်လက်စည်းပူးရာ (၁၃၇၂)ခု (၂၀၁၀)ခုနှစ်တွင် ပထမလတ်တန်း၊ ထို့နောက် စစ်ကိုင်းတောင် ပဌာန်းသိပ္ပံတွင် ပဌာန်းစာဝါများ လေ့လာခြင်း မိဂဒါဝုန်ကျောင်းတွင် ဆန်း, လင်္ကာ ,ယမိုက်ကျမ်းများလေ့လာခဲ့ရာ (၁၃၇၃)ခု(၂၀၁၁)ခုနှစ်တွင် ပထမကြီးတန်းကို အောင်မြင်တော်မူခဲ့သည်။

            ပထမကြီးတန်းပြီးမြောက်သော် စစ်ကိုင်းတောင်ရိုး မဟာဝေပုလ္လချောင် ဆရာတော် ဦးအာဒိစ္စာဘိဝံသ(စေတီယင်္ဂဏ ဓမ္မာစရိယ ဝိနယပါရဂူ)ဆရာတော် ဘုရားကြီးထံတွင် စာချတန်းဆိုင်ရာများကို နည်းနာခံယူသင်ကြားခဲ့ရာ (၁၃၇၃)ခု(၂၀၁၂)ခုနှစ်တွင် သီလက္ခန်ကျမ်းကိုအောင်မြင်သည်။ ထို့နောက်ဇေယျသိမ် ပါဠိတက္ကသိုလ်တွင်လည်းကောင်း၊ ရွှေဘုန်းရံသီကျောင်းတိုက်ကြီး၏ အဓိပတိဆရာတော် ဦးပဏ္ဍဝံသထံ တွင်လည်းကောင်း ပညာများဆက်လက်သင်ကြားခဲ့ရာ (၂၀၁၅)ခု(၁၃၇၆)ခုနှစ်တွင် ဓမ္မသင်္ဂဏီကျမ်းကို အောင်မြင်ခဲ့သည်။ ဇွဲနပဲလုံ့လတို့ကိုမလျော့ဘဲဆက်လက်ကြိုးစာလာခဲ့ရာ ယခုနှစ်(၂၀၂၀)ခု (၁၃၈၁-၁၃၈၂) ပညာသင်နှစ်တွင် ကျမ်းရင်းသုံးကျမ်းတွင် အခက်အခဲဆုံးဖြစ်သော ပါရာဇိကဏ်ကျမ်းကို အောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲကိုရရှိခဲ့သည်။

            စာချတန်းဆိုင်ရာများကိုလေ့လာဆည်းပူးရင်း ဝိနည်းစာမေးပွဲများကိုပါ တဆက်တည်းလေ့လာဖြေဆိုခဲ့ရာ ပါရာဇိကဏ်,ပါစိတ်,မဟာဝါပေါင်း(၃)ကျမ်းတို့ကို (၂၀၁၃)ခုနှစ်တွင်လည်းကောင်း၊ ပရိဝါကျမ်းကို (၂၀၁၄)ခုနှစ်တွင် (၁)ကျမ်းကိုလည်းကောင်း၊ (၂၀၁၈)ခုနှစ်တွင် စူဠဝါကျမ်း ပေါင်း(၅)ကျမ်းကိုအောင်မြင်ကာ  ဝိနယဝိဒူဘွဲ့ ကိုရရှိခဲ့သည်။ ဒီဃနိကာယဝိဒူတန်းတွင် သီလက္ခန်ကျမ်းကို (၂၀၁၉)ခုနှစ်တွင် ဖြေဆိုအောင်မြင်တော်မူသည်။ လက်ရှိ ကျောင်းတိုက်တွင် ပဋိယက် ပဋိပါတ်များကို ပြဿဒ်ကျောင်းတိုက်တွင်ဆက်လက် ဆည်းပူးရင်း ကျောင်း တည်ထောင်ခြင်း သိမ်ဆောက်ခြင်း ရေတွင်း ရေကန်တူးခြင်းများကို ဆောင်ရွက်ကာ သာသနာပြုလျှက်ရှိပါသည်။

#chirstonawba

Breakfast at my House

During the week we’re often walking out the door with a coffee in one hand and slice of toast in the other, but on weekends breakfast is never rushed. It’s a late affair, sometimes spilling over to lunch, with lots of reading and chatter in between courses of fruits, poached eggs, honey and toast. One of our favorite things we like to serve when friends are visiting are buckwheat blueberry pancakes.

Design a site like this with WordPress.com
Get started