ဇွန်ပန်းရုံအနီး

ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်ကူ၍တွန်းပေးကြပါ။လေးလွန်း၍ မတွန်းနိုင်ဘူးလားပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်။ ဒီစာတန်းကလေးကတော့ ငယ်စဉ်က ပထမတန်း မြန်မာစာ ဖက်စာအုပ်ထည်းက စာလေးပါ။သာမာန်ဖက်ရင်တော့ဘာမျှ တန်ဖိုးမရှိပါဘူး ဦးဇင်းတို့စဉ်းစာကြည့်တယ် တန်းကျောင်းပညာရေးတွေ နိပ်ကျနေတာမဟုတ်ပါဘူး ဆရာတွေရဲ့အတွေးတွေ နည်းနေတာဖြစ်ကြောင်း အထောက်အထားနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ် …..ဒီစာတန်းကို လူသဘာ၀ လှပမှု အနှစ်သာရတွေကို ထုတ်ပြီးပြောပြသွားပါမယ် ကလေးတွေကိုလည်း စဉ်းစား တွေးခေါ်တက်အောင် အသိပညာ အလိမ္မာတွေတိုးအောင် သဘာဝကြကြ ပြောပြပါ့မယ် ပုံပြင်လိုနားလည်းအောင် ရေးသားပေးပါ့မယ်….ပထမ စာကြောင်းကို အရင်စဉ်းစားကြမယ် ကဲ ” သေခြာနားထောင်ကြနော်”ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည်တဲ့ကျောင်းမှာ စိုက်ထားတဲ့ဇွန်ပန်းရုံကို မျက်စိထည်းမြင်အောင်ကြည့်ကြကွယ်ကလေးတို့ မြင်ကြပြီလား ” ဟုတ်မြင်ပြီ”ဘာဖြစ်လို့ဇွန်းပန်းရုံ အနီးမှာ လှည်းဘီး နွံထဲကျွံရသလည်း ဆိုတော့ ဇွန်ပန်းရုံအနီးမှာ ဗွက်အိုင်ကြီးရှိလို့ပေါ့ ကလေးတို့….” ဩော် ဟုတ်သားဘဲ ‘‘Continue reading “ဇွန်ပန်းရုံအနီး”

** ခွေးဟောင်သံ **

** ခွေးဟောင်သံ ** ကဿပမြတ်စွာ သာသနာ၏ ကာလနောက်ဖျား ရဟန်းများတို့ တရားကင်းကွာ မေ့လျော့စွာဖြင့် သိက္ခာမဖြည့် ရိက္ခာဖြည့်၍ လူ၏ကိစ္စ ဝင်ရှုပ်ကြသော် လောကလူ့ဘောင် အပူလောင်စဉ် ခွေး‌ဟောင်သံကြီး ပေါ်ပေါက်ခဲ့။ ယုတ်မာသူများ စားမည့်တဲ့။ တရားမဲ့သူ ဝါးမည်တဲ့။ ကိုယ်ကျင့်တရား မပျက်ပြားဖို့ သိကြားမနေသာ တာဝတိံသာမှမာတလိကို ကျိုးကြောင်းဆိုလျှက် ခွေးလိုဖန်ဆင်း လူပြည်ဆင်း၍ လူမင်းမြတ်စွာ သာသနာကို တစ်ခါပြန်လှစ် တရားစစ်သော် မေတ္တာပန်းတို့ လန်းခဲ့ပြီ။ ယခုကာလ ‌ဂေါတမမြတ်တစွာသာသနာ၏ ကာလနောက်ဖျား ရဟန်းများတို့ တရားမမှီ ဝိနည်းကင်းကွာ သိက္ခာမဖြည့် ရိက္ခာဖြည့်၍ လူ၏ကိစ္စ ဝင်ရှုပ်ကြသော် လောက လူ့ဘောင် မပူလောင်ဖို့ ခွေးဟောင်သံတို့ ကြားအံ့‌လော။ ယုတ်မာသူများ စားအံ့လော။ တရားမဲ့များ ဝါးအံ့လော။ ညနက်သန်းခေါင် ခွေးတို့ဟောင်သော်Continue reading “** ခွေးဟောင်သံ **”

“ သားရွှေဥဆုံးမစာ ”

“ သားရွှေဥဆုံးမစာ ” ဓလေ့မသတီစရာ အတွေ့ကကလီကမာ အသင်းတွေနှင့်၊အမေ့ဖီလာ ယနေ့သည်တခါငြင်းရင်ဖြင့်၊ဟေ့ထမီနာနာတင်းပါလို့ ၊အပြင်းရိုက်မဟင်။အမယ်မင်းအဖေ့ခြေရာနင်းမယ်တဲ့မင်းမိုက်ချင်။ဩော်မုန်းစရာသားကိုဖြင့်ဆုံးမလို့တားလိုက်ပါရဲ့၊ယောကျာ်းသယ်အသေကောင်မတော့၊အသရေဆောင်အသင်းဝင်တစ်ယောက်ကယ်လို့၊ပြေဘောင်မှာပုလင်းရွှင်ရွှင်နဲ့သောက်တဲ့ပြင်၊ရောက်လေရာအသင်းတိုက်များတွင်မှ၊ကစားဘွယ်အကြည်ဖက်နေကျ၊ဘိလျက်ခုံမှာကျူတံကိုင်လို့မို့၊မူဟန်ပိုင်ပိုင်မောက်သည့်တခိုးတွေနှင့် တူစံပြိုင်နှစ်ယောက်မရှိအောင်ထိုးနေကြ၊အမျိုးယုတ်အလေလွင့်ပါ နော်ကွယ်မိုးချုပ်နေဝင်။အကော်ဖဲသမားသဘွယ်အဖော်မက်တဲ့ပြင်၊ပျော်ပွဲစားမယ် ဟော်တယ်တက်ပါလို့၊ပျော်နယ်ဘက်တွင်ဖြင့်အခွင့်မလှအင်၊အဝင့်အကြွေတွင်ဖြင့် ရွှေသမ္ဘာမသေး၊အိုဟယ်နင့်ဖခင်ရယ်ကြောင့် အမေငါမအေး။ကြားစဟယ် သားလှလူမမယ်ရဲ့၊အပူသယ်ငါအမိကိုဖြင့် မချိအောင်တပွေပွေနှင့်အဖေလိုအလေလိုက်ယင်ဖြင့် အမိုက်ကိုအမေမညှာဘု၊သေသေချာချာအလကားဆိုးဆိုးပြီး၊အမယ်မင်း အားကစားကိုရင်ဖြင့်တန်ခိုးဆုတ်လို့ဒြပ်သမ္ဘာသေးတက်သတဲ့၊အိုဟယ် ပါးကျိုးမဟဲ့၊ အမျိုးယုတ် ဖိနပ်စာကလေး။ဆုံးမ နာယူ နိုင်ကြပါစေ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ရွှေတလေးကြီးဆုံးမစာ chirstonawba

သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း

သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို မြတ်စွာဘုရားသည် တရားဦးဓမ္မစကြာသုတ်တော်၌ပင် အပြည့်အစုံဟောပြညွှန်ကြားခဲ့ပါသည်။ ထိုသုတ်တော်ကို လေ့လာခြင်းအားဖြင့် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို နားလည်နိုင်ပါသည်။ တရားဦးဓမ္မစကြာကို မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်၌ အဓိကနားလည်ရမည့်စကားလုံး (၁၉)လုံးရှိပါသည်။ ၁။ ပဗ္ဗဇိတ ….အကျင့်လမ်းသုံးသွယ်… ၂။ ကာမသုခလ္လိကာနုယောဂ ၃။အတ္တကိလမထာနုယောဂ ၄။မဇ္ဈိမပဋိပဒါ …..သစ္စာလေးပါး….. ၅။ ဒုက္ခအရိယသစ္စာ(ဒုက္ခသစ္စာ) ၆။ဒုက္ခသမုဒယအရိယသစ္စာ(သမုဒယသစ္စာ) ၇။ ဒုက္ခနိရောဓ အရိယသစ္စာ(နိရောဓသစ္စာ) ၈။သမ္မာဒိဋ္ဌိ(မဂ္ဂသစ္စာ) ၉။သမ္မာသင်္ကပ္ပ ၁၀။သမ္မာဝါစာ ၁၁။သမ္မာကမ္မန္တ ၁၂။သမ္မာအာဇီဝ ၁၃။သမ္မာဝါယာမ ၁၄။သမ္မာသတိ ၁၅။သမ္မာသမာဓိ(မဂ္ဂသစ္စာ) ……….ကိစ္စလေးပါး…… ၁၆။ပရိညေယျ ၁၇။ ပဟီန ၁၈။သစ္စိကတ ၁၉။ ဘာဝနာ အခြားသော စကားလုံးတို့မှာ အဓိကစကားလုံးတို့ကို ဝန်းရံပံ့ပိုးပေးသောစကားလုံးတို့ဖြစ်ပါသည်။ အဓိကစကားလုံးတို့ကို ဉာဏ်မီသမျှ နားလည်းသမျှ လေ့လာကြည့်ပါမည်။ဤစကားလုံးContinue reading “သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း”

ဗုဒ္ဓကဗျာများ

အရဟံ ဖူးပွင့်သိန်းသန်း ရောင်စုံဆန်းလည်း ပန်းတို့မာန ခဝါချ၍ ဗုဒ္ဓခြေတော် ဉီး‌ခိုက်မျှော်သည် ပူဇော်ထိုက်သော မြတ်ဘုရား ပန်းထက်သင်းသည့် မြတ်ယောကျ်ား။ ကြစင်သိန်းသန်း ရောင်ဖြာတန်းလျှင် ကြယ်စင်မာန ခဝါချ၍ ဗုဒ္ဓခြေတော် ဦးခိုက်မျှော်သည် ပူဇော်ထိုက်သော မြတ်ဘုရား။ ကြယ်ထက်လင်းသည့် မြတ်ယောကျ်ား။ သိန်းသန်းငွေနှင်း ဖြူသန့်ရှင်းလည်း နှင်းတို့မာန ခဝါချ၍ ဗုဒ္ဓခြေတော် ဦးခိုက်မျှောက်သည် ပူဇော်ထိုက်သော မြတ်ယောကျ်ား။ လူမင်းနတ်မင်း ဗြဟ္မာမင်းဟု မင်းတို့သိန်းသန်း ဘုံမြင့်နန်းလည်း နန်းထက်မာန ခဝါချ၍ ဗုဒ္ဓခြေတော် ဦးခိုက်မျှောက်သည် ပူဇော်ထိုက်သော မြတ်ယောကျ်ား။ နန်းထက်ဝင်းသည့် မြတ်ယောကျ်ား။         ။ သမ္မာသမ္ဗုဒ္ဓေါ ပန်းတိုစကား တစ်ဆင့်ကြား၍ တရားသိသည် မဟုတ်လေ။ ငှက်တို့အပြော ထိုသ‌ဘော၌ မနောကျသည် မဟုတ်လေ ဗြဟ္မာလူနတ် သင်ကြားအပ်၍ တက်သိခဲ့သည် မဟုတ်လေ။Continue reading “ဗုဒ္ဓကဗျာများ”

သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်

သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်             မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောကာလမှနောက် အနှစ်(၁၀၀)အတွင်း၌ ဘုရားသာသနာတော်တွင် ဝါဒကွဲပြားခြင်းမည်သည် တစ်စုံတစ်ခါမျှမရှိခဲ့ခြေ။ အနှစ်တစ်ရာကြာလာသော် ဒုတိယသံဂါယနာတင် မထေရ်မြတ်တို့က နှင်ထုတ်လိုက်သော ဝဇ္ဇီတိုင်းသားရဟန်း တို့သည် အသင်းအဖွဲ့စုကာ တရားတော် ဝိနည်းတော်တို့ကို တမျိုးတမည်ပြောင်း၍ မဟာသင်္ဂီတိဟူသောအမည်ဖြင့် သီးခြားသံဂါယနာ တင်ကြသည်။             ထိုအခါ ပထမ-ဒုတိယ သံဂါယနာတင် ရှေးတရားတော်များနှင့် ဝိနည်းကိုသာလက်ခံသော မထေရ်အပေါင်းတို့က ထေရဝါဒဂိုဏ်း ဟူ၍လည်းကောင်း၊ တခြားမထေရ်တို့က မဟာသင်္ဃီတိဂိုဏ်းဟူ၍ လည်းကောင်း ကွဲပြားလာခဲ့ပြန်သည်။             ထို့နောက်တဖန် မဟာသင်္ဃီတိဂိုဏ်းမှ ((၁)ဂေါကူလိကဂိုဏ်း (၂) ဧကဗျောဟာရိကဂိုဏ်း ) နှစ်ဂိုဏ်းကွဲပြန်သည်။             (၁) ဂေါကူလိကဂိုဏ်းမှ â(၁) ပညတ္တိဝါဒဂိုဏ်း (၂) ဗာဟုလိကဂိုဏ်း ဟူ၍ ကွဲကြပြန်ပြီ။ နောက်တဖန် ကွဲကြပြန်ပြီContinue reading “သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်”

အရိပ်ခိုသူများ

အရိပ်ခိုသူများ လေးအသင်္ချေယာ သိန်းကမ္ဘာဟုကာလကြာရှည် အရင်းတည်ဟုစည်ပင်ခဲ့ရ ထိုသစ်ပင်။မေတ္တာကိုင်းခက် အေးရိပ်ဆင်။သစ္စာအသီး အေးချိုလင်ယောက်ျားမြတ်၏ လုပ်အားပင်။ အရိပ်ခိုဝင် သူတော်စင်ကားအပင်ရိပ်ညို အသီးချိုကိုထိုထိုဝေငှ သုံးဆောင်ကြ၍ဓမ္မစက်ဝန်း ဖြစ်ပေါ်ထွန်း၏။အရိပ်လည်းကောင်း ခိုသူကောင်းသော်ကောင်းကျိုးစည်ပင် ဝေလေ၏။ အရိပ်ဝင်လာ သူယုတ်မာကားပညာမဲ့ကင်း ရန်စိတ်ပြင်း၏ညှင်းပန်းလိုချင် ရက်စက်ချင်ကြပင်စည်ကိုဖဲ့ အသီးဖဲ့၍ငါဟဲ့မာန်မောက် ပစ်လွင့်ပေါက်သော်ပေါက်သူလည်းရှံး မှန်သူရှုံး၍အမုန်းအာဃာတ ရန်ငြိုးထလျှင်အဓမ္မရပ်ဝန်း ဖြစ်ပေါ်ထွန်း၏အညွှန်းခံရ ဆိုးစံပြ။ အရိပ်ကောင်းလျက် ခိုသူဖျက်၍ဖျက်ဆီးတက်သည် အရိပ်များ။ ။ မောင်ရဟန်းသာသနာ့ရင်ခွင် * chirstonawba ခံစားသည်

တန်းဖိုးရှိသောဘဝကိုတည်ဆောက်ခြင်း

တန်းဖိုးရှိသောဘဝကိုတည်ဆောက်ခြင်း “”ဒီဗလာစာရွက်နဲ့ ဒီရေသန့်ဗူး အလေးချိန်ဘယ်လောက်ကွာမယ်ထင်သလဲ”” “”အဆ နှစ်ဆယ်သုံးဆယ်လောက်ကွာမယ်ဘုရား”” စာဝါချရင်း ကိုရင်ငယ်သုံးပါးကို စကားတစ်ချို့ပြောဖြစ်ခဲ့ပါသည်။ဗလာစာရွက်တစ်ရွက်နဲ့ ရေသုံးချိုးတစ်ချိုးရှိသော ရေသန့်ဗူးတို့ကို သူတို့ရှေ့ချပြပြီး အမေးအဖြေလုပ်ပါသည်။ “”အဆနှစ်ဆယ်ပဲထားပါတော့”” “”တင်ပါ့”” သုံးလက်မအမြင့်နှင့်အကျယ်ရှိသော စာအုပ်ထပ်နှစ်ခုပေါ်စာရွက်ကိုတင်ပြသည်။တင်မရပါ။ ပျော့နွဲ့၍ ကျပါသည်။ ကိုရင်များက စိတ်ဝင်စားစွာကြည့်နေကြသည်။ မေးခွန်းမေးလိုက်သည်။ “” ဒီစာရွက်ကို အခုလို ဟိုဘက်ဒီဘက်တင်ပြီး အပေါ်ကနေ ရေသန့်ဗူး တင်မယ်ဆိုရမလား”” “”မရဘူးဘုရား”” “”ဘာဖြစ်လို့လဲ”” “”သူ့ဘာသာတောင် မတည်နိုင် ပျော့နွဲ့ပြီးကျနေလို့ဘုရား”” “”ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလား”” “”မဖြစ်နိုင်ဘူးဘုရား”” စာရွက်ကိုယူ၍ လှိုင်းတွန့်ပုံခပ်စိပ်စိပ်ချိုးပြီး စာအုပ်အထပ်နှစ်ခုပေါ်တင်လိုက်သည်။ အဆနှစ်ဆယ်ခန့် ပိုလေးသည်ဟု သတ်မှတ် ထားသောရေသန့်ဗူးကို တင်လိုက်သည်။ အောက်ကိုမကျ။တောင့်မာ၍ ရေဗူးကိုထမ်းထားသည်။ကိုရင်များကအံ့သြနေကြသည်။မေးခွန်း ထုတ်လိုက်သည်။ “”ကဲ တင်မရဘူးဆို၊အခုရပြီမဟုတ်လား”” “”တင်ပါ့၊ရတယ်ဘုရား”” “”စောစောက သူ့ဘာသာ တောင်တင်မရတဲ့စာရွက်က အခုကျဘာဖြစ်လို့ အဆနှစ်ဆယ်လေးတဲ့ရေဗူးကိုထမ်းထားနိုင်တာလဲ””Continue reading “တန်းဖိုးရှိသောဘဝကိုတည်ဆောက်ခြင်း”

ဖြောင်း

ဖြောင်း “ဖြောင်း ဖြောင်း “   ကိုရင်လေးကို အရှင်ကောဝိဒ နှစ်ချက်ဆင့်ရိုက် လိုက် သည်။ကိုရင်လေးကတော့ နာလွန်းလို့မျက်ရည်တွေကျ လာသည်။”ဒီစာလေး တစ်ပုဒ်ကို ဘယ်နှခေါက်ရှိနေပြီလဲ၊အလွတ်ရဖို့ဆိုတာအဝေးကြီး။အခုထိ မှန်အောင်ကြည့် မဖတ်တတ်သေးဘူး။ စိတ်မှမပါတာ၊ တန်ဖိုးမှမသိတာ၊ အလကား၊ စားဖို့အိပ်ဖို့ ဆော့ဖို့လောက်သိတာ၊ မင်းမိဘတွေက စာတတ် စေချင်လို့မြို့ပို့ထားတာ၊ မင်းကစာထဲစိတ် မပါပါလားကွ၊ဟေ——-“     သူ၏မောင်းမဲအပြစ်တင်သံ စွပ်စွဲသံတို့ကိုကိုရင် လေးကဘာမှမတုန့်ပြန်။ မျက်ရည်များနှင့်သာကြောင် တောင်တောင် လေးငေးကြည့် နေရှာသည်။ ခုမှသူသတိထားမိသည်။ ဘာကြောင့် သူ့မှာ ဒီလိုရက် စက်သည့်စိတ်ထားရှိနေပါသနည်း။ဘာမဟုတ်တဲ့ အပြစ် လေးအတွက် ရိုက်နှက်ကြိမ်းမောင်းရပါ သနည်း။ ဟင့်အင် အပြစ်ရောဟုတ်ရဲ့လား။ စာမဖတ်တတ်တာအပြစ်လား။ ကိုရင်လေးကိုပြန်လွှတ်လိုက် သည်။ခုံပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချ လိုက်၏။ သူ၏ လက်များတုန်နေသည်။ အမှားတစ်ခုကို လွန်ကျူး မိသလိုခံစားရသည်။Continue reading “ဖြောင်း”

Design a site like this with WordPress.com
Get started